Friday, 27 September 2013
Monday, 22 July 2013
ရှင်သန်ဆဲအချစ်
မင်းအတွက်နဲ့ ခံစားချက်တွေ
လက်ချိုရေတွက်လို့ မရတဲ့
ငါ့နှလုံးသားက ချစ်ခြင်းတရားတွေ
ငါ့ အနာဂတ်တွေ ဘယ်လို့ပဲဖြစ်နေပါစေ
ခွင်လွှတ်တယ် ဆိုတာ……
မင်းရင်ထဲက ကြင်နာခြင်းတွေ……
ချစ်သူရေ……
ယုံကြည်ထားတဲ့……
တို့နှစ်ယောက်ရဲ့ မနက်ဖြန်မှာ
အကြင်နာဆုံး တွဲလက်တွေနဲ့
လျှောက်လှမ်းနိုင်ပါမလား……။
ဝေးကွာရမယ့် တစ်သက်လုံးမှာ
ငါ့ကို ခဏတာလှည်ကြည့်ဖို့
မင်းမာနတွေ ခါချပြီး………
ငါ့ရင်ထဲသို့ ဝင်လာခဲ့ပါ……
မင်းအတွက်……ငါ့နှလုံးသားကပေးတဲ့
ချစ်ခြင်းတရားတွေလေ………
အမြဲတမ်း ရှင်သန်နေဆဲပါကွာ……။
Creadit:ိတိမ်တိုက်နှလုံးသား
လက်ချိုရေတွက်လို့ မရတဲ့
ငါ့နှလုံးသားက ချစ်ခြင်းတရားတွေ
ငါ့ အနာဂတ်တွေ ဘယ်လို့ပဲဖြစ်နေပါစေ
ခွင်လွှတ်တယ် ဆိုတာ……
မင်းရင်ထဲက ကြင်နာခြင်းတွေ……
ချစ်သူရေ……
ယုံကြည်ထားတဲ့……
တို့နှစ်ယောက်ရဲ့ မနက်ဖြန်မှာ
အကြင်နာဆုံး တွဲလက်တွေနဲ့
လျှောက်လှမ်းနိုင်ပါမလား……။
ဝေးကွာရမယ့် တစ်သက်လုံးမှာ
ငါ့ကို ခဏတာလှည်ကြည့်ဖို့
မင်းမာနတွေ ခါချပြီး………
ငါ့ရင်ထဲသို့ ဝင်လာခဲ့ပါ……
မင်းအတွက်……ငါ့နှလုံးသားကပေးတဲ့
ချစ်ခြင်းတရားတွေလေ………
အမြဲတမ်း ရှင်သန်နေဆဲပါကွာ……။
Creadit:ိတိမ်တိုက်နှလုံးသား
ကြည်ဖြူစွာချစ်နေမယ်
ရင်ထဲမှာ…တိတ်တဆိတ်နဲ့
တဒိတ်ဒိတ်ရင်ခုန်သံတွေ…
အချစ်ရဲ့ ဒဏ်ရာများစွာ
ငါ့ကြင်နာတာတွေ…
အခုတော့လည်း နာကျင်ခဲ့ရပြီး…။
ခေတ္တာလေး အတွေးများကို
အမှတ်တရဖြစ်စေတဲ့…နေ့ရက်များ
ငါ့ အတ္တတွေကို ပျောက်ဆုံးစေခဲ့ပေါ့…။
နှလုံးသားကို တဖန်ပြန်ရှင်သန်လာဖို့
စဉ်းစားလိုက်တိုင်းမှာ……
မင်းနဲ့ ကြည့်နူးနေတာတွေ
မြင်ယောင်လာတော့……
ငါ့အချစ်က သေဆုံးစေခဲ့ပေါ့…ချစ်သူ…။
ချစ်သူရေ……
မင်းအလှရဲ့ မျက်ဝန်း
အကြည့်တစ်ချက်နဲ့ ငါ့ရင်ခုန်သံတွေကို
ရပ်တန့်သွားတဲ့…ဘဝ
နောက်ထပ်…ဘာကိုမှာ
မလိုချင်တော့ဘူးကွယ်……။
ထာဝရဆိုတာ…မရှိတော့သလို့
အနာဂတ်တွေလည်း မပိုင်တော့
ဘဝ……ခဏပါပဲ…………
နာကျင်ပါရစေအုံး……။
လောကမှာ ပိုင်ဆိုင်ခဲ့သမျှ……
အရာရာတစ်ခုမှာ……
မလွဲမသွေချစ်ဖူးခဲ့သော အချစ်များ……
အဒီအချစ်တွေဟာ…မင်းအတွက်
ပေးဆပ်ပါမယ်……။
မင်းတစ်ယောက်ကို မြတ်နိုးမိလို့
အသည်းတွေ နာကျင်ခဲ့တဲ့
ငါ့အဖြစ်တွေလို့……
မင်း…မကြင်နာမိပါစေနဲ့…
ဒီရင်ဝယ်အချစ်တစ်ခု……
အပိုင်သိမ်းခဲ့သော……
သူ တစ်ယောက်တည်းကို
ငါ့ရဲ့ နှလုံးသားက……
ကြည်ကြည်ဖြူဖြူ ချစ်နေပါတော့မယ်…
ချစ်နေပါအုးမယ်ကွယ်………………။
တဒိတ်ဒိတ်ရင်ခုန်သံတွေ…
အချစ်ရဲ့ ဒဏ်ရာများစွာ
ငါ့ကြင်နာတာတွေ…
အခုတော့လည်း နာကျင်ခဲ့ရပြီး…။
ခေတ္တာလေး အတွေးများကို
အမှတ်တရဖြစ်စေတဲ့…နေ့ရက်များ
ငါ့ အတ္တတွေကို ပျောက်ဆုံးစေခဲ့ပေါ့…။
နှလုံးသားကို တဖန်ပြန်ရှင်သန်လာဖို့
စဉ်းစားလိုက်တိုင်းမှာ……
မင်းနဲ့ ကြည့်နူးနေတာတွေ
မြင်ယောင်လာတော့……
ငါ့အချစ်က သေဆုံးစေခဲ့ပေါ့…ချစ်သူ…။
ချစ်သူရေ……
မင်းအလှရဲ့ မျက်ဝန်း
အကြည့်တစ်ချက်နဲ့ ငါ့ရင်ခုန်သံတွေကို
ရပ်တန့်သွားတဲ့…ဘဝ
နောက်ထပ်…ဘာကိုမှာ
မလိုချင်တော့ဘူးကွယ်……။
ထာဝရဆိုတာ…မရှိတော့သလို့
အနာဂတ်တွေလည်း မပိုင်တော့
ဘဝ……ခဏပါပဲ…………
နာကျင်ပါရစေအုံး……။
လောကမှာ ပိုင်ဆိုင်ခဲ့သမျှ……
အရာရာတစ်ခုမှာ……
မလွဲမသွေချစ်ဖူးခဲ့သော အချစ်များ……
အဒီအချစ်တွေဟာ…မင်းအတွက်
ပေးဆပ်ပါမယ်……။
မင်းတစ်ယောက်ကို မြတ်နိုးမိလို့
အသည်းတွေ နာကျင်ခဲ့တဲ့
ငါ့အဖြစ်တွေလို့……
မင်း…မကြင်နာမိပါစေနဲ့…
ဒီရင်ဝယ်အချစ်တစ်ခု……
အပိုင်သိမ်းခဲ့သော……
သူ တစ်ယောက်တည်းကို
ငါ့ရဲ့ နှလုံးသားက……
ကြည်ကြည်ဖြူဖြူ ချစ်နေပါတော့မယ်…
ချစ်နေပါအုးမယ်ကွယ်………………။
Sunday, 21 July 2013
အစတည်းက အနိုင်အရှုံးမှမတွေးဖူးတာ..
အဲဒီတော့ ပြိုင်ပွဲ လို့ ' မည် ' လည်း အထ မမြောက်ဘူး ( ငါ့အတွက် )..
တရွေ့ရွေ့ နဲ့ .. လှမ်းလျှောက်ခဲ့ရတဲ့ငါ ..
ခြေလှမ်းတိုင်းမှာတော့ အဓိပ္ပါယ်တွေရှိတယ်....
အစတည်းက ကျယ်ကျယ်မှ မပြောရက်ခဲ့ တာ .
အဲဒီတော့ ကမ္ဘာ တစ်ခုလုံးသိစရာမလိုဘူး..
အချစ်အတွက်ဆို နှုတ်ဆိတ်တတ်တဲ့ငါ.
တိုးတိုးလေးပြောလည်း အဓိပ္ပါယ်တွေရှိတယ်...
အစတည်းက အနီးလေးမှာ မှ မရှိခဲ့တာ.
အဲဒီတော့ ဝေးသထက်ဝေးလည်းမမှုဘူး..
မင်းမသိလည်းချစ်တတ်ခဲ့ရတဲ့ငါ...
...
ည တစ်ည ရဲ့ အိပ်မက်ဆို လည်း..
....
ဆက် .. မက် ဖို့ ရှိတယ် ။ ။
Creadit : လရောင်လွှမ်းတဲ့ပင်လယ်
Thursday, 27 June 2013
မျော်လင့်ချတ်ည
ညတစ်ညရဲ့အလှကို ပုံဖော်ဖို့ဆိုတာ
ငါတစ်ယောက်တည်းတော့ မပြည့်စုံနိုင်ဘူးချစ်သူ
စည်းတစ်ခုခြားမယ်မှန်းသိရင် အစကတည်းကမထုံးဖွဲ့ခဲ့ပါဘူး
အတ္တကိုအရင်းခံတဲ့အချစ်က ဘ၀ကိုလှပအောင် မတည်ဆောက်နုင်ဘူးဆိုတာ
မင်းသိသင့်ပါတယ်............... ......။
တစ်နေ့နီးမယ်ဆိုတဲ့မျှော်လင့်ချ က်နဲ့ ရူးခဲ့ရတဲ့ငါ့ရဲ့စိတ္တဇအခန်းထဲကိုလည်း
မင်းခဏလောက်ဝင်ကြည့်သင့်တယ် ဖြစ်ချင်တာနဲ့ဖြစ်နေတာတွေ
တစ်ထပ်တည်းမကျသေးတဲ့ဘ၀မှာ မျှော်လင့်ချက်တွေကိုကြိုးသီပြီး
မင်းလည်တိုင်မှာဆွဲထားပေးချင်တယ် မင်းအမြဲတမ်းအမှတ်ရနေအောင်ပေါ့. ...
Thursday, 6 June 2013
သူရေးခိုင်းတဲ့သူငယ်ချင်း
ဘ၀ရဲ့တခဏ
ကြုံဆုံခဲ့ကြရတာမို့
တယောက်ကိုတယောက်
အမြင်တွေဖလှယ်ကြ
ငါတို့ စသိခဲ့ကြတယ်...။
ဒီလိုနဲ့ တီတီတာတာတွေပြောကြ
ခံစားချက်တွေ ဝေမျှရင်း
ရင်ခုန်သံတွေ ထပ်တူကြလို့
ခင်မင်ခွင့်တွေ နီးစပ်ခဲ့ကြတယ်...
မိုးကိုထိုးဖောက်လို့
လောကကြီးကိုငုံ့ကြည့်မယ့်
နင့်စိတ်ဓတ်ငါယုံတယ်...
ဒါပေမယ့်
လှေခါးဆိုတာ
တက်ဖို့တစ်ခုထဲမဟုတ်သလို
စီးဝင်နေတဲ့ရေတိုင်းဟာလည်း
သန့်စင်နေတာမဟုတ်ဘူးနော်
လူလူခြင်းချနင်းနေတဲ့ခေတ်မှာ
နင်သတိရှိပါစေ.....
ဒီနေ့..
နင့်အတွက်ဘာအစွန်းအထင်းမှမရှိသေးတဲ့
နှစ်သစ်စာမျက်နှာကို
နင်စရေးခွင့်ရပီသိလား
ပျော်ရွှင်ခြင်းတွေ
ကြည်နှုးခြင်းတွေ
အောင်မြင်မှု့တွေနဲ့
ကံကောင်းချင်းတွေ
ပိုင်ဆိုင်နိုင်ပါစေလို့
ဆုတောင်းပေးပါတယ် .....
"Happy Birthday"
ကြုံဆုံခဲ့ကြရတာမို့
တယောက်ကိုတယောက်
အမြင်တွေဖလှယ်ကြ
ငါတို့ စသိခဲ့ကြတယ်...။
ဒီလိုနဲ့ တီတီတာတာတွေပြောကြ
ခံစားချက်တွေ ဝေမျှရင်း
ရင်ခုန်သံတွေ ထပ်တူကြလို့
ခင်မင်ခွင့်တွေ နီးစပ်ခဲ့ကြတယ်...
မိုးကိုထိုးဖောက်လို့
လောကကြီးကိုငုံ့ကြည့်မယ့်
နင့်စိတ်ဓတ်ငါယုံတယ်...
ဒါပေမယ့်
လှေခါးဆိုတာ
တက်ဖို့တစ်ခုထဲမဟုတ်သလို
စီးဝင်နေတဲ့ရေတိုင်းဟာလည်း
သန့်စင်နေတာမဟုတ်ဘူးနော်
လူလူခြင်းချနင်းနေတဲ့ခေတ်မှာ
နင်သတိရှိပါစေ.....
ဒီနေ့..
နင့်အတွက်ဘာအစွန်းအထင်းမှမရှိသေးတဲ့
နှစ်သစ်စာမျက်နှာကို
နင်စရေးခွင့်ရပီသိလား
ပျော်ရွှင်ခြင်းတွေ
ကြည်နှုးခြင်းတွေ
အောင်မြင်မှု့တွေနဲ့
ကံကောင်းချင်းတွေ
ပိုင်ဆိုင်နိုင်ပါစေလို့
ဆုတောင်းပေးပါတယ် .....
"Happy Birthday"
Wednesday, 5 June 2013
ချစ်သူမသိလိုက်တဲ့ကဗျာတစ်ပုဒ်
တမြေ့မြေ့ခံစားနေရတဲ့
နှလုံးသားထဲက
တမ်းတခြင်းတချို့ကိုစာစီပြီး
သူမရဲ့ ရှေ့တော် မှောက်မှာ
သတိရခြင်းတွေ အန်ထုတ်ပြချင်တယ်..
ကောင်မလေးရေ..
ငါနင့်လွမ်းတယ် ဆိုပြီးပေါ့..
အိမ်မက်တွေနဲ့ရူးနေတတ်တဲ့
ဒီအတွေးတွေထဲက
့စိတ်ကူးတချို့ကို အသက်သွင်းပြီး
သူမရဲ့ မျက်ဝန်းနက်နက်တွေအောက်မှာ
အနာဂတ်တွေကို ထုဆစ်ပြချင်တယ်..
ကောင်မလေးရေ..
ငါတို့ ဒီတသက်မခွဲဘူးဆိုပြီးပေါ့.. .
အကြိမ်ကြိမ် မျိုသိပ်လိုက်ရတဲ့
ဒီခံစားချက်တွေထဲက
ဆန္ဒတချို့ကို ပုံဖော်ပြီး
သူမရဲ့ လက်ဖမိုးထက်မှာ
ှအားပေးစကားတွေနဲ့ နှစ်သိမ့်ချင်တယ်..
ကောင်မလေးရေ..
နင့်အနားမှာ ငါအမြဲရှိတယ်ဆိုပြီးပေါ့...
ချစ်သူ..
ငါ့ခံစားချက်တွေ
ငါ့နှလုံးသားတွေက
နင့်အနားမှာ အမြဲတူရှိနေသလောက်
ငါတို့နှစ်ယောက်က မျဉ်းပြိုင်နှစ်ကြောင်းလိုပဲ
ဆုံနိုင်ခွင့်တွေ နည်းလာလွန်းလို့ ...
ကံကြမ္မာရေ..
အချစ်တွေသာစစ်ရင်
တနေ့.
ကျနော်တို့ကို နီးစပ်ခွင့်ပေးပါ...။
Creadit; လွမ်းဝေ
နှလုံးသားထဲက
တမ်းတခြင်းတချို့ကိုစာစီပြီ
သူမရဲ့ ရှေ့တော် မှောက်မှာ
သတိရခြင်းတွေ အန်ထုတ်ပြချင်တယ်..
ကောင်မလေးရေ..
ငါနင့်လွမ်းတယ် ဆိုပြီးပေါ့..
အိမ်မက်တွေနဲ့ရူးနေတတ်တဲ့
ဒီအတွေးတွေထဲက
့စိတ်ကူးတချို့ကို အသက်သွင်းပြီး
သူမရဲ့ မျက်ဝန်းနက်နက်တွေအောက်မှာ
အနာဂတ်တွေကို ထုဆစ်ပြချင်တယ်..
ကောင်မလေးရေ..
ငါတို့ ဒီတသက်မခွဲဘူးဆိုပြီးပေါ့..
အကြိမ်ကြိမ် မျိုသိပ်လိုက်ရတဲ့
ဒီခံစားချက်တွေထဲက
ဆန္ဒတချို့ကို ပုံဖော်ပြီး
သူမရဲ့ လက်ဖမိုးထက်မှာ
ှအားပေးစကားတွေနဲ့ နှစ်သိမ့်ချင်တယ်..
ကောင်မလေးရေ..
နင့်အနားမှာ ငါအမြဲရှိတယ်ဆိုပြီးပေါ့...
ချစ်သူ..
ငါ့ခံစားချက်တွေ
ငါ့နှလုံးသားတွေက
နင့်အနားမှာ အမြဲတူရှိနေသလောက်
ငါတို့နှစ်ယောက်က မျဉ်းပြိုင်နှစ်ကြောင်းလိုပ
ဆုံနိုင်ခွင့်တွေ နည်းလာလွန်းလို့ ...
ကံကြမ္မာရေ..
အချစ်တွေသာစစ်ရင်
တနေ့.
ကျနော်တို့ကို နီးစပ်ခွင့်ပေးပါ...။
Creadit; လွမ်းဝေ
Monday, 3 June 2013
အရံလူ
လက်တွေ့ဘ၀ကို အိပ်မက်ဖြစ်စေတဲ့
မင်းနှလုံးသားရဲ့ တန်ခိုးအောက်မှာ
့င့ါအချစ်ရဲ့တန်ဖိုးဆိုတာ
နောင်လာနောက်သားတွေအတွက်
ဥပမာအလင်္ကာတစ်ခုလိုပေါ့ . .
နွေကို အရည်ကျိုသောက်မယ့် ရင်တစ်ခြမ်း
ခုတော့ နေပြန်လှမ်းနေရတဲ့ မျှော်လင့်ချက်. . .
အကြင်နာမိုးစက် ခပ်အက်အက် . . .
နင်လွမ်းမယ့် ကမ္ဘာမှာ ငါဆိုတာအဝေး . .
ပျော်ရွှင်မယ်ဆိုရင်ပေါ့ . . .
အသဲတစ်ခြမ်းကိုတောင်
လွမ်းဖို့ မသိမ်းထားတော့ဘူး . .
အပြုံးတစ်ချက်တော့ ခြွေခဲ့ပေါ့ . . .
အသက်မပါတော့မယ့် တစ်သက်စာအတွက်လေ. . .
ဦးနှောက်ရဲ့ အချက်ပြသံကို
နှလုံးသားက မျက်ကွယ်ပြု . . .
နင့် နာရီတိုင်းကို အဖြူရောင်ခြယ်ခဲ့ပေမယ့်
ငါရင်မိုးအုံ့တဲ့အခါတိုင်း
နင်တခြားတစ်နေရာမှာ
ထီးတစ်လက်အရံသင့်နင်ဘေးမှာရှိခဲ့ တယ်လေ. .
နင့်အတွက် . . အဖြည့်ခံတဲ့လား . . .
နားခါးပေမယ့် မက်မပြေဘူး . .
နင့်အတွက် ချုပ်ချယ်ခြင်းတဲ့လား . . .
ငါမကြားဖူးတဲ့ လေယူလေတိမ်းလေးပါလေ. . .
နင့်အတွက် . . ဘာလိုလဲ . .
ရိုးရိုးလေးပဲ ငါနင့်ကိုချစ်တယ်ကွာ . . . . .။
creadit; Romeo Soe
မင်းနှလုံးသားရဲ့ တန်ခိုးအောက်မှာ
့င့ါအချစ်ရဲ့တန်ဖိုးဆိုတာ
နောင်လာနောက်သားတွေအတွက်
ဥပမာအလင်္ကာတစ်ခုလိုပေါ့ . .
နွေကို အရည်ကျိုသောက်မယ့် ရင်တစ်ခြမ်း
ခုတော့ နေပြန်လှမ်းနေရတဲ့ မျှော်လင့်ချက်. . .
အကြင်နာမိုးစက် ခပ်အက်အက် . . .
နင်လွမ်းမယ့် ကမ္ဘာမှာ ငါဆိုတာအဝေး . .
ပျော်ရွှင်မယ်ဆိုရင်ပေါ့ . . .
အသဲတစ်ခြမ်းကိုတောင်
လွမ်းဖို့ မသိမ်းထားတော့ဘူး . .
အပြုံးတစ်ချက်တော့ ခြွေခဲ့ပေါ့ . . .
အသက်မပါတော့မယ့် တစ်သက်စာအတွက်လေ. . .
ဦးနှောက်ရဲ့ အချက်ပြသံကို
နှလုံးသားက မျက်ကွယ်ပြု . . .
နင့် နာရီတိုင်းကို အဖြူရောင်ခြယ်ခဲ့ပေမယ့်
ငါရင်မိုးအုံ့တဲ့အခါတိုင်း
နင်တခြားတစ်နေရာမှာ
ထီးတစ်လက်အရံသင့်နင်ဘေးမှာရှိခဲ
နင့်အတွက် . . အဖြည့်ခံတဲ့လား . . .
နားခါးပေမယ့် မက်မပြေဘူး . .
နင့်အတွက် ချုပ်ချယ်ခြင်းတဲ့လား . . .
ငါမကြားဖူးတဲ့ လေယူလေတိမ်းလေးပါလေ. . .
နင့်အတွက် . . ဘာလိုလဲ . .
ရိုးရိုးလေးပဲ ငါနင့်ကိုချစ်တယ်ကွာ . . . . .။
creadit; Romeo Soe
Monday, 20 May 2013
ဒုတိယတော
အခြားတစ်ယောက်
အနားရောက်နေလား
ဒုတိယလူ၊ဒုတိယအိမ်မက်
ဒုတိယနေရာ၊ဒုတိယလမ်း
လျောက်လှမ်းရမယ့်အတူတူ
ပထမအသက်မျက်ကွယ်ပြုပီး
မနက်ဖန်အတွက်လက်ကျန်အသက်နဲ့
နှစ်ယောက်ထဲသာလျောင်ပါရစေ.....
တစ်ဖက်မှာ
အခြားတစ်ယောက်ရှိသလို
ဟောဒီတစ်ဖက်မှာ
အခြားတစ်ယောက်မရှိလေတော့
မရှိမဲ့.ရှိမဲ့ဒီအသက်
အမှားအတွက်ပဲရှင်နေရသလိုလို
ဓားတစ်လက်ဆွဲယှဉ်ပြိုင်ရမလိုလိုနဲ့
အချစ်ကအိုစာလှပါပီ.....
ဒုတိယဘဝ၊ဒုတိယသံသရာ
ဒုတိယကံကြမ္မာကိုသာ
လိုရာဖန်တီးလို့ရခဲ့ရင်
ပထမသူနဲ့လွဲလုလုလူ
အသဲနုနု၊အဖြူအစင်းနဲ့
ဒုတိယဆုလောက်တော့ယူသွားချင်ရဲ့ဗျာ...............
အနားရောက်နေလား
ဒုတိယလူ၊ဒုတိယအိမ်မက်
ဒုတိယနေရာ၊ဒုတိယလမ်း
လျောက်လှမ်းရမယ့်အတူတူ
ပထမအသက်မျက်ကွယ်ပြုပီး
မနက်ဖန်အတွက်လက်ကျန်အသက်နဲ့
နှစ်ယောက်ထဲသာလျောင်ပါရစေ.....
တစ်ဖက်မှာ
အခြားတစ်ယောက်ရှိသလို
ဟောဒီတစ်ဖက်မှာ
အခြားတစ်ယောက်မရှိလေတော့
မရှိမဲ့.ရှိမဲ့ဒီအသက်
အမှားအတွက်ပဲရှင်နေရသလိုလို
ဓားတစ်လက်ဆွဲယှဉ်ပြိုင်ရမလိုလိုနဲ့
အချစ်ကအိုစာလှပါပီ.....
ဒုတိယဘဝ၊ဒုတိယသံသရာ
ဒုတိယကံကြမ္မာကိုသာ
လိုရာဖန်တီးလို့ရခဲ့ရင်
ပထမသူနဲ့လွဲလုလုလူ
အသဲနုနု၊အဖြူအစင်းနဲ့
ဒုတိယဆုလောက်တော့ယူသွားချင်ရဲ့ဗျာ...............
Thursday, 16 May 2013
ချစ်...နင်သိလား
ချစ်သူ....
ဘာတွေရှိလဲ ငါမသိဘူး...........။
အနာဂတ်မှာဘာတွေဖြစ်မလဲ ငါမသိဘူး.......
သေချာတာကတော့
ငါနင့်ကို လေးလေးနက်နက်သိပ်ချစ်ခဲ့မိတ ယ်ဆိုတာပဲ.........။
(ထာဝရ)
ီCredit ကိုရဲ
အတိတ်တွေကို
မေ့မရတာမဟုတ်ပါဘူး....
တစ်ခါတစ်လေအမှတ်ရနေတာတော့အမှန်ပါ............။
သတိရခြင်းရဲ့....တစ်ဖက်မှာမေ့မရတာမဟုတ်ပါဘူး....
တစ်ခါတစ်လေအမှတ်ရနေတာတော့အမ
ဘာတွေရှိလဲ ငါမသိဘူး...........။
ဒါပေမယ်..
ငါနင့်ကို နေ့ တိုင်းသတိရနေတယ်.......... ။
ငါနင့်ကို နေ့ တိုင်းသတိရနေတယ်..........
မမြင်ရတဲ့ နင့်ရင်ထဲမှာ
ဘာတွေရှိလဲငါမသိဘူး.....
ငါရင်ထဲမှာတော့...နင့်ကနေရာ အပြည့်ရှိတယ်.....။
မသေချာတဲ့ နင်နဲ့ငါ့ရဲ့ဘာတွေရှိလဲငါမသိဘူး.....
ငါရင်ထဲမှာတော့...နင့်ကနေရာ
အနာဂတ်မှာဘာတွေဖြစ်မလဲ ငါမသိဘူး.......
သေချာတာကတော့
ငါနင့်ကို လေးလေးနက်နက်သိပ်ချစ်ခဲ့မိတ
(ထာဝရ)
ီCredit ကိုရဲ
Saturday, 11 May 2013
"နေရာ"
နေရာဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်
မင်း နားလည်ခဲ့မယ်ဆိုရင်
ငါ့နှလုံးသားရပ်ဝန်းထဲမှာ
မင်းတစ်ယောက်အတွက်သာ
နေရာတစ်ခုရှိနေတာကို
သိစေချင်လိုက်တာ…..
အချစ်ဆိုတဲ့ ချိုပြင်းရှရှ ရသ
မင်းခံစားတတ်မယ်ဆိုရင်
ငါ့နှလုံးသားရပ်ဝန်းထဲမှာ
မင်းတစ်ယောက်အတွက်သာ
အချစ်စစ်စစ်ရှိနေတာကို သိစေချင်လိုက်တာ……
အလွမ်း ဆိုတဲ့ ဝေဒနာခါးခါး
မင်း စာနာတတ်မယ်ဆိုရင်
မင်းတစ်ယောက်အတွက်သာ
အလွမ်းအပြည့် ရှိနေတာကို
သိစေချင်လိုက်တာ….
ငါ့ မျက်ဝန်းထဲက
ချစ်စကားတွေသာ
မင်း ဖတ်ကြားတတ်ခဲ့မယ်ဆိုရင်
ငါ….အရမ်းချစ်တာကို
မင်း ..သိမှာပါ….
" ရောမမြို့ကို အပ်နှင်းခြင်း "
နိုးတစ်ဝက်နဲ့
အိပ်စက်ခဲ့ရသူအတွက်
ကြယ်ကြွေတစ်ခုရဲ့
မှိန်ပြာပြာအလင်းတန်းလောက်တော့
ငါ့ရင်ခုန်သံချစ်ခြင်းတွေ
ရှင်သန်ခွင့်ရချင်မိတယ် ...
မတူညီမှု့တွေနဲ့
အနိုင်ယူ ကျောခိုင်းသွားမှာကို
တိတ်တဆိတ် စိုးထိတ်နေမိသူပါ ...
ခြေရာတွေဖျောက်
ကမ္ဘာတစ်ဘက်ကို မင်း ရောက်မှ
လက်ပြနှုတ်ဆက် ကျန်ခဲ့ရသူရဲ့
နာကြင်မှု့ အပြုံးတစ်ဝက်ကို
ပိုင်ဆိုင်သူ မဖြစ်ပါရစေနဲ့ ချစ်သူ ရယ် ...
မင်း မရှိတဲ့ ငါ့ ဘဝဟာ
လမိုက်ညရဲ့ သန်းခေါင်ယံထဲ
ရိုးသားခြင်းမြို့ရိုးတစ်ခုနဲ့
ဖုန်းကွယ်ထားတဲ့
အပြာရောင် (ပြအိုး)လေးပါပဲ .. ချစ်သူ ရယ် ...
မင်း .. ခြွေယူသွားတဲ့
ကျရှုံးမှု့နေရာတစ်ခုပဲမဟုတ်လား ... ?
ငါ .. ခံစားနားလည်ထားတဲ့
ခေတ်အဆက်ဆက်က
ဒဏ္ဍာရီသူရဲကောင်းတွေဟာ
အရိပ်မဲ့ လက်နက်တစ်ခုမှာ
ဒူးထောက်ရှုံးနိမ့်တယ်ဆိုတာ တကယ်ပါလားနော် ...
ချယ်လှယ်ဖန်ဆင်းပါ ချစ်သူ ရယ် ...
ဧဒင်ဥယျာဉ်ကြီးရဲ့
တစ်ဒေါင့် တစ်နေရာက
ဒို့အတွက် ကွက်လပ်လေးထဲမှာပေါ့
ပျိုးချစိုက်ထူဖို့
ငါ့ရင်ခုန်သံ ချစ်ခြင်းတွေကို
မင်း ... မင်းမူနေရာယူလိုက်ပါ .....
Tuesday, 7 May 2013
Monday, 6 May 2013
Sunday, 28 April 2013
သတိရရဲ့လား
လွမ်းလို့ မသေနိုင်ပေမယ့်
သေလောက်အောင်တော့လွမ်းတယ်
ချစ်သူ..........................
မနက်ခင်း
သတိ၇ခြင်းတွေကအဖျားသွေးမကျနိုင်သေးဘူး
နင်နဲ့ မဆုံနိုင်သေးတဲ့ မနက်ဖြန်တိုင်းမှာ
အလိုမကျခြင်းတွေပါဝင်နေလိမ့်မယ်...........
နေ့ နဲ့ ညကိုတလှည့် ဆီစားသုံး၇င်း
မိုင်ထောင်ချီဝေးနေကြတယ်
ဆုံခြင်းမဆုံခြင်းကခေါင်းနဲ့ ပန်းလို
ကံတ၇ားကမျက်နှာသာ၇တယ်
နင့်ကိုသတိ၇၇င်.........................
ငါ့အခန်းထောင့်လေးမှာနင့်ကိုလွမ်းမယ်
*သတိ၇၇ဲ့ လား*သီချင်းကိုတိုးတိုးလေးညဉ်းမယ်
ဂစ်တာကိုခပ်ဖွဖွတီးလို့
အလွမ်းကိုတစ်စစီလိုက်ကောက်ရင်း......
Saturday, 27 April 2013
Thursday, 25 April 2013
အချစ်ဆိုတာ
အရာတိုင်း သူ့ဆန္ဒ၊ လိုတရစေချင်တဲ့ “ စေတနာ ”…
သူပျော်ရွှင်နေရင်
ကြည်နူးဝမ်းသာတဲ့ “ စိတ် ”…
သူကျေနပ်ဖို့ဆိုရင်
အရာတိုင်းကို စွန့်လွှတ်ရဲတဲ့ “ သတ္တိ ”…
သူစိတ်ဓါတ်ကျနေရင်
နှစ်သိမ့်ပေးမယ့် “ ခွန်အား”…
ဒါ သဘာဝကပေးတဲ့
အဖိုးတန်အင်အားစုတွေပဲမဟုတ်လား …
သတ်ခဲ့ပါ
ဘဝ ထဲကို ခဏလာ
ညာညာပြီး ပြေးသွားသူရယ်...
စကားတွေကို အဟုတ်
ယုံမှတ်လို့...
ခုံမင်စွာ နှစ်သက်စော့ကစား...
ဥပေက္ခာ လွင်ပြင်ထဲ
မီးကင်လို့ ထားခဲ့တယ်....
နှလုံးသားအစုံလည်း နွမ်းလျှ...
သောကမြှားချက်တွေကြောင့်
ဒဏ်ရာရ.....
ချစ်တတ်သမျှ စိတ်လည်း
လုံးလုံးကြေကွဲလို့...
ဖြေစရာ မြေ မရှိ
နွေလွင်ပြင်ထဲ လမ်းစရှာမရသလို...
တမ်းတစရာတွေလဲ နွမ်းလျှလျှစိတ်ထဲမှာ...
တခဏ လာပြီးရင်
ညာညာပြီးမထားခဲ့ပါနဲ့ ...
စိမ်းရက်စွာပြုသွားမိတူတူ
ရင်ခွင်မှာ အပူမထားခဲ့ပါနဲ့ ...
မင်းးးးးး ပိုင်ဆိုးထားတဲ့ ငါ့..
နှလုံးသားကိုတော့
အရှင်မထားခဲ့ပါနဲ့ 
တခါတည်း အသေသတ်ခဲ့လိုက်ပါ....
ချစ်သူ.....
ပုံရိပ်မှန် နဲ့ ချစ်အိမ်မက်
နှလုံးသား ရှိတာခြင်း အတူတူ
ငါ့ ဘဝ က တစ်ခြမ်းယိုင်နဲ့ လို့ 
အားငယ်စွာနဲ့  ချစ်ရေးဆို
အို….အဖြေရယ်…
ပျော်စရာကောင်းလေတော့
ငါ့ ဘဝ ကိုငါမေ့မိလေရဲ့
သံယောဇဉ်တွေနယ်ကျွံမှ
အမှောင်ကမ္ဘာတစ်ခြမ်းက ငါ့ ဘဝ
မင်းမြင်နိုင်မှ စွန့် ခွာမလား
တွေးတွေးကာငိုမိလေရဲ့ 
သြော်….ချစ်သူရယ်.
သိပ်ချစ်လွန်းလို့
အပြစ်မမြင်သော်လည်း
မတူညီတဲ့ ဘဝ နှစ်ခုဆိုပြီး
အနိုင်ယူကာ ကျောခိုင်းသွားလျှင်ဖြင့်
အစကတည်းက မချည်သင့်တဲ့
ဒီချစ်ထုံးကို ငါ………
ဘယ်လိုဖြည်ရပါ့အံ့။။
တကယ်တော့
ငါ့ ဘဝ ဟာ
အိမ်မက်ထဲက ခရီးသည် ပါပဲလေ………
Monday, 15 April 2013
အလွမ်းမှတ်တမ်း
မထူခြားတဲ့ နေ့ရက်တိုင်းမှာ
ဦးဦးဖျားဖျားလေး
လွမ်းနေတတ်ခဲ့ပြီ
သချာင်္နည်း အစုံနဲ့
ဘယ်လို တွက်တွက်
ရလဒ်က "ချစ်တယ်"
ဆိုတဲ့ စကားလေးတစ်ခွန်းပဲ
ထပ်ထပ် ကျလာတယ်
ရင်ထဲမှာရွာတဲ့
" အလွမ်းမိုး"
အငြိုးကြီးချက်က
တဖျပ်ဖျပ်နဲ့
နှလုံးကိုဟပ်တာ
အသက်ရှုတောင်
ခဏ ခဏရပ်
စိတ်ဝိဥာည်တွေ
ပျောက်ဆုံးမတတ်ပါဘဲ
Tuesday, 9 April 2013
မြစ်တစ်စင်း
လေလာရာ ကျောပေး
ချမ်းအေးချိန် ရင်ဝယ်ပိုက်
လောင်မြိုက်ချိန် အရိပ်မိုး
မိုးဆိုးကို အံတုပြိုင်
လှိုင်းဂရက်ဝယ် အားမာန်တင်း
ရုံးကန်ရင် ခရီးဆက်
အပြုံးမပျက်တာ အမေ...။
ခါးသက်သက် ကြမ္မာဆိုး
ဝါးမျိုလို့ ဒဏ်သင့်
ခံစစ်နဲ့ ခုခံ အမှန်စစ်ကို ယှဉ်နွဲး
ကြမ္မာဆိုးနဲ့ ပြိုင်ပွဲမှာ
ယိုင်လည်းမသွားတာ အမေ....။
သွားလေရာ လမ်းညွန်
နိုင်းယှဉ်လို့ သူပြ
မှားမှန်ကို သူခွဲ
လမ်းလွဲးရင် ပဲ့ပြင်
အမှန်တရာကို ထုတ်နုတ်
ဆရာမဟုတ်ပေမယ့်
ဆရာမကူတဲ့ အသိဥာဏ်နဲ့
ဆရာလုပ်တာ အမေ....။
ဆိုးမိုက်လည်း အပြစ်မမြင်
သားသမီးဘက် အသင့်ယှဉ်
ကလေးတစ်ယောက်လို
ပြောသမျှကို ယုံလွယ်
အမှန်တကယ် သူသိလည်း
ခေါင်းညိတ်ကာ သူပြုံးလို့
အပူလုံး ရင်ဝယ်ပိုက်
သားသမီးအတွက် ငြိမ်းခံလိုက်တာ
အမေ...။
ဘယ်အရာမှ မမျှော်မှန်
အပျော်တန်း ကစားပွဲလို့
ကြိုးတန်ပေါ် သူလျှောက်ပြီး
အသက်ပေးလောက်တောင်
ပျော်စရာတွေ သူပေးလို့
တစ်နေ့ ဝေးရမယ်သိလည်း
သားသမီးအတွက် ရတက်မအေးသူ
ဘုရာ အဆူဆူထက်
သားသမီးအတွက်
ပထမဆုံး ဘုရာ တစ်ဆူဟာ
အမေ...။
ချစ်သူအတွက်
ခရမ်းရောင်
နှင်းတစ်စက်နဲ့ အသက်ထွက်ခဲ့တဲ့ …နွေ
ဒီနွေမှာ
မူးယစ်နေတဲ့ တံလျှပ်တွေ ဝေလို့
စူးနစ်နေတဲ့ အသံမထွက်တော့တဲ့ ခံစားမှုတွေသေလို့။
အဲ့ဒီနွေကိုပဲ
စိန်ပန်းပြာ ရေတမာ ပိတောက်ဝါ
ပြီးတော့…… ငါ အခါခါ လာတယ် ။
ရောက်လာခဲ့ပြီးတော့ မသာမယာနဲ့
ပြန်ထွက် သွားတက်တယ်
ကြာတော့လဲ ဒီနွေဟာ
“အရောင်လွင့်နေတဲ့ နွေ” ပါပဲ။
Sunday, 31 March 2013
တစ်မိုးအောက်
ချစ်သူ.....
အဝေးမှာဆိုပေမယ့်
ငါနေပျော်ခဲ့တာ နင့်ကြောင့်
နင်ရော ငါ နဲ့ ဝေးရာမှာ
အဆင်ပြေရဲ့လား
ဆုံနိုင်ခွင့်ရှိပြီး
ပြန်မဆုံနိုင်သေးတဲ့
နေ့ တွေအတွက်
ငါ.. ဘာများလုပ်ပေးနိုင်မှာလဲ
ချစ်သူရယ်.........
တစ်နေရာဆီဝေးနေရမှ
ပိုသတိရတာမဟုတ်ပေမယ့်
လွမ်းရတဲ့နေ့ ရက်တွေ
အဆုံးသတ်ချင်စိတ် နဲ့ 
အရာရာကို ကျေနပ်ရင်း
ဘယ်လောက်ဝေးဝေးပါချစ်သူ
ဒို့ နှစ်ယောက်ဟာ
ဒီကမ္ဘာကြီး ရဲ့ 
တစ်မိုးအောက် မှာ
အတူတူ ရှိနေတာ
မင်း သတိရပေးပါ
ချစ်သူရယ်...♥♥♥
Wednesday, 20 March 2013
ခဏလောက်စောင့်ပေးပါ … ချစ်သူ.............
“ အရမ်းချစ်တာပဲ ချစ်သူရယ် ”
ဆိုတဲ့စကားကို ချစ်သူရဲ့ နားလေးအနားကပ်ပြောချင်လို့
ခဏလောက်စောင့်ပေးပါ …. ချစ်သူ
ကို့ရဲ့ မပြည့်စုံသေးတဲ့ဘဝကို
ပြီးပြည့်စုံအောင် ပြင်ဆင်နေချိန်မို့လို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
တစ်ချိန်မှာ ချစ်သူဆီအရောက်လာမယ်ဆိုတဲ့
စိတ်ကူးလေးကို အကောင်အထည်ဖော်နေလို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
ကိုလိုချင်တာတွေ အားလုံးမရခဲ့ရင်တောင်
ရသလောက်လေးနဲ့ပဲ ပျော်ရွင်စွာနဲ့
နှစ်ယောက်တည်းကမ္ဘာလေးကို တည်ဆောက်ချင်လို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
ခဏလောက်စောင့်ပေးပါ … ချစ်သူ.............
ဆိုတဲ့စကားကို ချစ်သူရဲ့ နားလေးအနားကပ်ပြောချင်လို့
ခဏလောက်စောင့်ပေးပါ …. ချစ်သူ
ကို့ရဲ့ မပြည့်စုံသေးတဲ့ဘဝကို
ပြီးပြည့်စုံအောင် ပြင်ဆင်နေချိန်မို့လို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
တစ်ချိန်မှာ ချစ်သူဆီအရောက်လာမယ်ဆိုတဲ့
စိတ်ကူးလေးကို အကောင်အထည်ဖော်နေလို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
ကိုလိုချင်တာတွေ အားလုံးမရခဲ့ရင်တောင်
ရသလောက်လေးနဲ့ပဲ ပျော်ရွင်စွာနဲ့
နှစ်ယောက်တည်းကမ္ဘာလေးကို တည်ဆောက်ချင်လို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
ခဏလောက်စောင့်ပေးပါ … ချစ်သူ.............
Wednesday, 13 March 2013
Tuesday, 12 March 2013
Monday, 4 March 2013
အိမ်မက်ကလေးဆက်မကိပါရစေ
သဲသောင်ပြင်ပေါ်မှာ
ကိုယ့်နာမည် အတိုကောက်လေး။
နာမည်ရဲ့ နောက်မှာတော့
ကောင်မလေး တယောက်
လက်နှစ်ဘက်ကို မြှောက်ပြီး အသည်းပုံဆက်
သူ့ မျက်နှာကလည်း ချစ်ခြင်းမေတ္တာတွေ ဖြာထွက်လို့ ။
သြော်..
ရင်ခုန်သံကလွဲလို့ …လောကကြီးတခုလုံး အသံတိတ်
အရေပြားပေါ်ကို ကြက်သီးလေးတွေ လျှံဖိတ်
ကိုယ့်ဇာတ်ဝင်ခန်း အထွတ်အထိပ်လေးကို
လက်တွေ့ ဘဝဆိုတဲ့ လက်သည်းနဲ့ ဆိတ်မကြည့်ချင်ဘူး
တကယ်ဖြစ်နေတဲ့ အိပ်မက်ကလေးကျိုး
အချိန်မတန်ခင် နိုးမှာစိုးလို့ 
ကိုယ့်နာမည် အတိုကောက်လေး။
နာမည်ရဲ့ နောက်မှာတော့
ကောင်မလေး တယောက်
လက်နှစ်ဘက်ကို မြှောက်ပြီး အသည်းပုံဆက်
သူ့ မျက်နှာကလည်း ချစ်ခြင်းမေတ္တာတွေ ဖြာထွက်လို့ ။
သြော်..
ရင်ခုန်သံကလွဲလို့ …လောကကြီးတခုလုံး အသံတိတ်
အရေပြားပေါ်ကို ကြက်သီးလေးတွေ လျှံဖိတ်
ကိုယ့်ဇာတ်ဝင်ခန်း အထွတ်အထိပ်လေးကို
လက်တွေ့ ဘဝဆိုတဲ့ လက်သည်းနဲ့ ဆိတ်မကြည့်ချင်ဘူး
တကယ်ဖြစ်နေတဲ့ အိပ်မက်ကလေးကျိုး
အချိန်မတန်ခင် နိုးမှာစိုးလို့ 
မေတ္တဆိုတာစူးတက်တယ်
သွေးတွေပန်းထွက်လာအောင်
နင်မန်းမှုတ်နိုင်မှန်းလည်း သိပါတယ်။
နင့်နှုတ်ခမ်းက ကြွေကျလာမယ့်
မကုန်မခန်းနိုင်တဲ့ ပန်းတွေဟာ
သံမဏိရင်တွေ ချိုင့်ဝင်သွားသည်အထိ
တန်ခိုးရှိမှန်းလည်း သိပါတယ်။
တချောင်းထဲသော စိတ်နဲ့
ပြေးနေတဲ့ ခြေထောက်နှစ်ချောင်းတွေ
နင့်ကြောင့် မရှုမလှ ချော်လဲတိုင်း
နင့်အတိတ်နဲ့ နင် ခြေရာတိုင်းနိုင်တုန်းမို့
နင်ကျေနပ်နေမှန်းလည်း သိပါတယ်။
သိလျက်နဲ့ မိုက်နေသူက
နင်မသိပဲ မိုက်မိမှာစိုးလို့
တခုတော့ သတိပေးမယ်။
ကျေးဇူးပြုပြီး နင်းမသွားပါနဲ့။
ငါ့နှလုံးသားက ကွဲလွယ်အက်လွယ်
နင့်ခြေဖဝါးတွေ ရှလိမ့်မယ်။
Wednesday, 13 February 2013
SHE
သူ့မအပြုံးလေး တွေးမိတဲ့ခဏ..
ငါ့စိတ်တွေ အေးချမ်းသွားတယ်..။
သူ့မအကြည့်လေး မြင်ယောင်မိတဲ့ခဏ...
ငါ့နှလုံးသားလေး နွေးထွေးသွားတယ်...။
သူ့မသီချင်းသံလေး ကြားယောင်မိတဲခဏ..
ငါ့စိတ်ထဲ က စိတ်ညစ်စရာ ဝေးလွင့်သွားတယ်...။
သူ့စကားသံလေး ကြားယောင်မိတဲ့ခဏ...
ငါ့အထီးကျန် စိတ်လေး ပျောက်ကွယ်သွားတယ်...။
သူမနဲ့တွေ့ရတဲ့အခိုက်
ငါ့စိတ်ထဲယုံကြည်ခြင်း ဖြစ်ထွန်းလာတယ်...။
အဆိုးအကောင်း အကျိုးအကြောင်း
သူမနဲ့ဆိုအရာရာရင်ဆိုင်နိုင်မယ်လို့
ငါ ရိုးရိုးလေး ...ယုံကြည်မိတယ်...။
Saturday, 2 February 2013
ဘယ်လောက်ချစ်လဲမမေးပါနဲ့
** ငါဘယ်လောက် ချစ်လဲမမေးပါနဲ့ ...
ဒီကမ္ဘာလောကကြီးက အချစ်တွေ ကုန်ချင်ကုန်မယ်....
နင့်ကို ချစ်တဲ့ အချစ်တွေ ကုန်မယ် မထင်ဘူး....
အရင်လူနဲ့ မယှဉ်ပါနဲ့ ငါကိုယ်တိုင်မယှဉ်ခဲ့လို့ ပါ....
အချစ်ဦး မဖြစ်ခဲ့ပေမဲ့....
နောက်ဆုံး အချစ်နဲ့  ချစ်ခဲ့တာယုံပါ
စိတ်ကုန်နေပြီလား မမေးပါနဲ့ .....
အဲနေ့ က ငါ ရုပ်နဲ့ နာမ် ပျက်စီးသွားတဲ့.....
အချိန်ပဲ ဖြစ်လိမ့်မယ် ...
မေ့နေပြီလာလို့  မမေးပါနဲ့  ချစ်သူ...
ငါ့နှလုံးခုန်တိုင်း နင့်နာမည်ကိုရေရွတ်နေတာပါ
လမ်းခွဲချင်နေလားလို့ မပြောပါနဲ့ .....
သံသရာတစ်လျှောက် နင်နဲ့ ....
လျှောက်လှမ်းချင်သူပါ.
..ငါနင့် ရဲ့ ဘ၀လက်တွဲဖော် ဖြစ်ခွင့်မရရင်တောင်...........
နင့်ရဲ့ အဝေးတနေရာက နင်လိုရာဖြည့်ဆည်းခွင့်ရချင်သူပါ
နင်လိုရာသုံး မကုန်နိုင်တဲ့ချစ်ခြင်းတွေနဲ့ .........
ငါ့အသက်ခန္ဓာ တည်မြဲနေသမျှ....
ဆက်၍ချစ်မယ်....... ....**
ဒီကမ္ဘာလောကကြီးက အချစ်တွေ ကုန်ချင်ကုန်မယ်....
နင့်ကို ချစ်တဲ့ အချစ်တွေ ကုန်မယ် မထင်ဘူး....
အရင်လူနဲ့ မယှဉ်ပါနဲ့ ငါကိုယ်တိုင်မယှဉ်ခဲ့လို့ ပါ....
အချစ်ဦး မဖြစ်ခဲ့ပေမဲ့....
နောက်ဆုံး အချစ်နဲ့  ချစ်ခဲ့တာယုံပါ
စိတ်ကုန်နေပြီလား မမေးပါနဲ့ .....
အဲနေ့ က ငါ ရုပ်နဲ့ နာမ် ပျက်စီးသွားတဲ့.....
အချိန်ပဲ ဖြစ်လိမ့်မယ် ...
မေ့နေပြီလာလို့  မမေးပါနဲ့  ချစ်သူ...
ငါ့နှလုံးခုန်တိုင်း နင့်နာမည်ကိုရေရွတ်နေတာပါ
လမ်းခွဲချင်နေလားလို့ မပြောပါနဲ့ .....
သံသရာတစ်လျှောက် နင်နဲ့ ....
လျှောက်လှမ်းချင်သူပါ.
..ငါနင့် ရဲ့ ဘ၀လက်တွဲဖော် ဖြစ်ခွင့်မရရင်တောင်...........
နင့်ရဲ့ အဝေးတနေရာက နင်လိုရာဖြည့်ဆည်းခွင့်ရချင်သူပါ
နင်လိုရာသုံး မကုန်နိုင်တဲ့ချစ်ခြင်းတွေနဲ့ .........
ငါ့အသက်ခန္ဓာ တည်မြဲနေသမျှ....
ဆက်၍ချစ်မယ်....... ....**
သူသိပါစေ..
ရင်ခုန်မြတ်နိုး
တမ်းတတိုး
စွဲမြဲစွာချစ်
ငါ့အဖြစ်ကို
သူသိနိုင်ပါစေ...........
စေညွှန်ရာမဲ့
ရင်ခုန်သံနဲ့
တိတ်တဆိတ်လှုပ်ရှား
ငါ့နှလုံးသား၏
လျှို့ဝှက်စကား
ဖွင့်မပြောလည်း
ကြားနိုင်ပါစေ ............
ဟန်ဆောင်ကင်းမဲ့
မျက်ဝန်းတစ်လဲ့
အကြည့်တစ်ချက်က
တစ်ဘက်သတ်အဖြစ်
ငါ့အချစ်တွေ
မင်းမြင်နိုင်ပါစေ...........
အကြင်နာတွေသာ
ရင်ခွင်အလယ်မှာ
စုပုံထားရစ်
မင်းအချစ်ကို
မျှော်လင့်ခွင့်နဲ့
ငါရူးသွပ်ချင်တယ်.............. .
Friday, 1 February 2013
တစ်ခါတုန်းက
အဆောင်ရှေ့ က သီးပင်ကြီးကိုကြည့်ပြီး
သီးသီးသုပ်လည်းစားချင်ခဲ့ဖူးတယ် ...
ဒါပေမဲ့ မစားဖြစ်ခဲ့ဘူး။
ဂုဏ်ထူးတန်းတွေ အတန်းရှေ့ကဖြတ်သွားတော့လည်း
ဂုဏ်ထူးတန်းလည်း တက်ချင်ခဲ့ဖူးတယ်....
ဒါပေမဲ့ မတက်ခဲ့ရဘူး။
လူမျိုးစုံနဲ့ပေါင်းခွင့်ရတော့လ ည်း
သူငယ်ချင်းကောင်းလေးတွေကို တသက်လုံးပေါင်းချင်ခဲ့ဖူးတယ်...
ဒါပေမဲ့မပေါင်းခဲ့ရဘူး။
ဒါပေမဲ့လည်း......
europeလေးတစ်စင်းနဲ့လည်း
ရွေမန်းလေးကို နှံ့ခဲ့ဘူးတယ်။
တပ်ဈေးထဲက စာအုပ်ဆိုင်ကိုလည်း
တစ်ဆိုင်လုံးကုန်အောင်ဖတ်ခဲ့ဖူး တယ်။
ရိုးရိုးလေးကလက်ဖက်ထမင်းကိုလည်း
ညတိုင်းမညည်းမညူစားခဲ့ဖူးတယ်။
တကယ်ပါ....
ဘယ်သူမှအားမကျခဲ့လည်း
အဲဒီကျောင်းသားဘ၀မှာ
ငါပျော်ခဲ့ဖူးတယ်။ ။
ပြန်ဆုံမယ့်နေ့
♥♥♥ချစ်သူ♥♥♥
ချစ်တဲ့တို့နှစ်ယောက်
ဘယ်လောက်ဝေးဝေး
တစ်ယောက်အကြောင်းကို
တစ်ယောက်တွေးရင်း
နှလုံးသားချင်း အမြဲတမ်း
နီးစပ်မှုရှိနေချင်တယ်......
♥ချစ်သူ♥.........
"ကိုယ့်"အတွေးတွေထဲမှာ
"မင်း" အမြဲတမ်းရှိသလို
"မင်း"ရဲ့ အတွေးတွေထဲမှာလဲ
"ကိုယ်"ကိုရှိနေစေချင်တယ်......
♥ချစ်သူ♥.........
သွေးအေးမသွားတဲ့
ရင်ခုန်သံတွေနဲ့
ကိုယ့်တို့နှစ်ယောက်ရဲ့
အချစ်တွေကို
နားလည်မှုတွေနဲ့ ဖြတ်သန်း
မနက်ဖြန်တွေတိုင်းကို
မျှော်လင့်ချက်တွေနဲ့
အသက်ဆက်ရင်း
ပြန်ဆုံနိုင်မဲ့နေ့ရက်ကို
လက်ရေချိုးလို့
စောင့်နေတယ်ချစ်သူ
Sunday, 27 January 2013
မိုး
မရွာဖြစ်သေးတဲ့ မိုးရေတွေ
လေးလံနေတဲ့ ငါ့ကောင်းကင်
တိမ်တိုက်တွေ အထပ်ထပ်။
ငါ့ရဲ့ အခွံသက်သက်မီးအိမ်မှာ
ထွန်းညှိမယ့် ပန်းတစ်ပွင့်
မင်းမဖြစ်သေးသမျှ အထီးကျန် ဆန်နေရဦးမယ်။
အချိန်တန်ရင်တော့...
သံယောဇဉ်မြစ်ညှာက
ညှို့တက်လာမဲ့ မိုးတွေ
ရေခြားမြေခြားနေသည့်တိုင်
ငါတို့ရဲ့ ခိုကိုးရာတိုင်းမှာ
လက်လက်စိုအောင် ရွာချလိမ့်မယ်
Saturday, 26 January 2013
ချစ်သူသိစေ
မျက်တောင်မခတ်
ကြည့်နေတဲ့မျက်ဝန်းတစ်စုံကြောင့်
ရင်ခုန်သံတစ်ချို့
ရပ်တန့်ခဲ့ရဖူးတယ်........
ရင်ထဲခြယ်မှုန်း
တစ်သက်မုန်းမရတော့တဲ့
မင်းရဲ့အပြုံးကြောင့်
အိမ်မက်တစ်ချို့လဲ
လှပခဲ့ရဖူးတယ်..............
နု့ညံ့ကြွေကျနှုတ်ဖျားကစကားသံ့လေးတွေကိုနားထောင်ရင်း
ရင်ထဲမိုးတွေသည်းခဲ့ဖူးတယ်.............
ရင်ဘက်ကိုဓားနဲ့ထောက်
မေ့မေ့ပျောက်ပျောက်နေလိုက်မလား
အသက်သေခံမလားဆိုရင်
ဒုတိယမေးခွန်းကိုဘဲ
ရွေးမိလိမ့်မယ်ထင်တရ်.................
ကြည့်နေတဲ့မျက်ဝန်းတစ်စုံကြောင့်
ရင်ခုန်သံတစ်ချို့
ရပ်တန့်ခဲ့ရဖူးတယ်........
ရင်ထဲခြယ်မှုန်း
တစ်သက်မုန်းမရတော့တဲ့
မင်းရဲ့အပြုံးကြောင့်
အိမ်မက်တစ်ချို့လဲ
လှပခဲ့ရဖူးတယ်..............
နု့ညံ့ကြွေကျနှုတ်ဖျားကစကားသံ့လေးတွေကိုနားထောင်ရင်း
ရင်ထဲမိုးတွေသည်းခဲ့ဖူးတယ်.............
ရင်ဘက်ကိုဓားနဲ့ထောက်
မေ့မေ့ပျောက်ပျောက်နေလိုက်မလား
အသက်သေခံမလားဆိုရင်
ဒုတိယမေးခွန်းကိုဘဲ
ရွေးမိလိမ့်မယ်ထင်တရ်.................
Subscribe to:
Comments (Atom)




c




























