တစ်ခါတုန်းက
အဆောင်ရှေ့ က သီးပင်ကြီးကိုကြည့်ပြီး
သီးသီးသုပ်လည်းစားချင်ခဲ့ဖူးတယ်...
ဒါပေမဲ့ မစားဖြစ်ခဲ့ဘူး။
ဂုဏ်ထူးတန်းတွေ အတန်းရှေ့ကဖြတ်သွားတော့လည်း
ဂုဏ်ထူးတန်းလည်း တက်ချင်ခဲ့ဖူးတယ်....
ဒါပေမဲ့ မတက်ခဲ့ရဘူး။
လူမျိုးစုံနဲ့ပေါင်းခွင့်ရတော့လည်း
သူငယ်ချင်းကောင်းလေးတွေကို တသက်လုံးပေါင်းချင်ခဲ့ဖူးတယ်...
ဒါပေမဲ့မပေါင်းခဲ့ရဘူး။
ဒါပေမဲ့လည်း......
europeလေးတစ်စင်းနဲ့လည်း
ရွေမန်းလေးကို နှံ့ခဲ့ဘူးတယ်။
တပ်ဈေးထဲက စာအုပ်ဆိုင်ကိုလည်း
တစ်ဆိုင်လုံးကုန်အောင်ဖတ်ခဲ့ဖူးတယ်။
ရိုးရိုးလေးကလက်ဖက်ထမင်းကိုလည်း
ညတိုင်းမညည်းမညူစားခဲ့ဖူးတယ်။
တကယ်ပါ....
ဘယ်သူမှအားမကျခဲ့လည်း
အဲဒီကျောင်းသားဘ၀မှာ
ငါပျော်ခဲ့ဖူးတယ်။ ။
No comments:
Post a Comment