ဘဝ ထဲကို ခဏလာ
ညာညာပြီး ပြေးသွားသူရယ်...
စကားတွေကို အဟုတ်
ယုံမှတ်လို့...
ခုံမင်စွာ နှစ်သက်စော့ကစား...
ဥပေက္ခာ လွင်ပြင်ထဲ
မီးကင်လို့ ထားခဲ့တယ်....
နှလုံးသားအစုံလည်း နွမ်းလျှ...
သောကမြှားချက်တွေကြောင့်
ဒဏ်ရာရ.....
ချစ်တတ်သမျှ စိတ်လည်း
လုံးလုံးကြေကွဲလို့...
ဖြေစရာ မြေ မရှိ
နွေလွင်ပြင်ထဲ လမ်းစရှာမရသလို...
တမ်းတစရာတွေလဲ နွမ်းလျှလျှစိတ်ထဲမှာ...
တခဏ လာပြီးရင်
ညာညာပြီးမထားခဲ့ပါနဲ့ ...
စိမ်းရက်စွာပြုသွားမိတူတူ
ရင်ခွင်မှာ အပူမထားခဲ့ပါနဲ့ ...
မင်းးးးးး ပိုင်ဆိုးထားတဲ့ ငါ့..
နှလုံးသားကိုတော့
အရှင်မထားခဲ့ပါနဲ့ 
တခါတည်း အသေသတ်ခဲ့လိုက်ပါ....
ချစ်သူ.....
No comments:
Post a Comment