Tuesday, 9 April 2013

မြစ်တစ်စင်း

လေလာရာ ကျောပေး
ချမ်းအေးချိန် ရင်ဝယ်ပိုက်
လောင်မြိုက်ချိန်  အရိပ်မိုး
မိုးဆိုးကို  အံတုပြိုင်
လှိုင်းဂရက်ဝယ်  အားမာန်တင်း
ရုံးကန်ရင်  ခရီးဆက်
အပြုံးမပျက်တာ  အမေ...။
ခါးသက်သက်  ကြမ္မာဆိုး
ဝါးမျိုလို့ ဒဏ်သင့်
ခံစစ်နဲ့ ခုခံ   အမှန်စစ်ကို  ယှဉ်နွဲး
ကြမ္မာဆိုးနဲ့   ပြိုင်ပွဲမှာ
ယိုင်လည်းမသွားတာ  အမေ....။
သွားလေရာ လမ်းညွန်
နိုင်းယှဉ်လို့  သူပြ
မှားမှန်ကို သူခွဲ
လမ်းလွဲးရင်  ပဲ့ပြင်
အမှန်တရာကို  ထုတ်နုတ်
ဆရာမဟုတ်ပေမယ့်
ဆရာမကူတဲ့  အသိဥာဏ်နဲ့
ဆရာလုပ်တာ  အမေ....။
ဆိုးမိုက်လည်း  အပြစ်မမြင်
သားသမီးဘက် အသင့်ယှဉ်
ကလေးတစ်ယောက်လို
ပြောသမျှကို ယုံလွယ်
အမှန်တကယ် သူသိလည်း
ခေါင်းညိတ်ကာ  သူပြုံးလို့ 
အပူလုံး  ရင်ဝယ်ပိုက် 
သားသမီးအတွက်  ငြိမ်းခံလိုက်တာ
အမေ...။
ဘယ်အရာမှ  မမျှော်မှန်
အပျော်တန်း    ကစားပွဲလို့
ကြိုးတန်ပေါ် သူလျှောက်ပြီး
အသက်ပေးလောက်တောင်
ပျော်စရာတွေ  သူပေးလို့
တစ်နေ့ ဝေးရမယ်သိလည်း
သားသမီးအတွက်  ရတက်မအေးသူ
ဘုရာ အဆူဆူထက်
သားသမီးအတွက် 
ပထမဆုံး  ဘုရာ တစ်ဆူဟာ
အမေ...။

No comments:

Post a Comment