Monday, 20 May 2013

ဒုတိယတော

အခြားတစ်ယောက်
အနားရောက်နေလား
ဒုတိယလူ၊ဒုတိယအိမ်မက်
ဒုတိယနေရာ၊ဒုတိယလမ်း
လျောက်လှမ်းရမယ့်အတူတူ
ပထမအသက်မျက်ကွယ်ပြုပီး
မနက်ဖန်အတွက်လက်ကျန်အသက်နဲ့
နှစ်ယောက်ထဲသာလျောင်ပါရစေ.....

တစ်ဖက်မှာ
အခြားတစ်ယောက်ရှိသလို
ဟောဒီတစ်ဖက်မှာ
အခြားတစ်ယောက်မရှိလေတော့
မရှိမဲ့.ရှိမဲ့ဒီအသက်
အမှားအတွက်ပဲရှင်နေရသလိုလို
ဓားတစ်လက်ဆွဲယှဉ်ပြိုင်ရမလိုလိုနဲ့
အချစ်ကအိုစာလှပါပီ.....

ဒုတိယဘဝ၊ဒုတိယသံသရာ
ဒုတိယကံကြမ္မာကိုသာ
လိုရာဖန်တီးလို့ရခဲ့ရင်
ပထမသူနဲ့လွဲလုလုလူ
အသဲနုနု၊အဖြူအစင်းနဲ့
ဒုတိယဆုလောက်တော့ယူသွားချင်ရဲ့ဗျာ...............

Thursday, 16 May 2013

ချစ်...နင်သိလား

ချစ်သူ....


အတိတ်တွေကို

မေ့မရတာမဟုတ်ပါဘူး....

တစ်ခါတစ်လေအမှတ်ရနေတာတော့အမှန်ပါ............။




သတိရခြင်းရဲ့....တစ်ဖက်မှာ

ဘာတွေရှိလဲ ငါမသိဘူး...........။



ဒါပေမယ်..

ငါနင့်ကို နေ့ တိုင်းသတိရနေတယ်..........




မမြင်ရတဲ့ နင့်ရင်ထဲမှာ

ဘာတွေရှိလဲငါမသိဘူး.....

ငါရင်ထဲမှာတော့...နင့်ကနေရာအပြည့်ရှိတယ်.....။




မသေချာတဲ့ နင်နဲ့ငါ့ရဲ့

အနာဂတ်မှာဘာတွေဖြစ်မလဲ ငါမသိဘူး.......



သေချာတာကတော့

ငါနင့်ကို လေးလေးနက်နက်သိပ်ချစ်ခဲ့မိတယ်ဆိုတာပဲ.........
(ထာဝရ)

ီCredit ကိုရဲ

Saturday, 11 May 2013

"နေရာ"

နေရာဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်
မင်း နားလည်ခဲ့မယ်ဆိုရင်
ငါ့နှလုံးသားရပ်ဝန်းထဲမှာ
မင်းတစ်ယောက်အတွက်သာ
နေရာတစ်ခုရှိနေတာကို
သိစေချင်လိုက်တာ…..

အချစ်ဆိုတဲ့ ချိုပြင်းရှရှ ရသ
မင်းခံစားတတ်မယ်ဆိုရင်
ငါ့နှလုံးသားရပ်ဝန်းထဲမှာ
မင်းတစ်ယောက်အတွက်သာ
အချစ်စစ်စစ်ရှိနေတာကို သိစေချင်လိုက်တာ……

အလွမ်း ဆိုတဲ့ ဝေဒနာခါးခါး
မင်း စာနာတတ်မယ်ဆိုရင်
မင်းတစ်ယောက်အတွက်သာ
အလွမ်းအပြည့် ရှိနေတာကို
သိစေချင်လိုက်တာ….
ငါ့ မျက်ဝန်းထဲက
ချစ်စကားတွေသာ
မင်း ဖတ်ကြားတတ်ခဲ့မယ်ဆိုရင်
ငါ….အရမ်းချစ်တာကို
မင်း ..သိမှာပါ….

" ရောမမြို့ကို အပ်နှင်းခြင်း "

နိုးတစ်ဝက်နဲ့

အိပ်စက်ခဲ့ရသူအတွက်

ကြယ်ကြွေတစ်ခုရဲ့

မှိန်ပြာပြာအလင်းတန်းလောက်တော့

ငါ့ရင်ခုန်သံချစ်ခြင်းတွေ

ရှင်သန်ခွင့်ရချင်မိတယ် ...

မတူညီမှု့တွေနဲ့

အနိုင်ယူ ကျောခိုင်းသွားမှာကို

တိတ်တဆိတ် စိုးထိတ်နေမိသူပါ ...

ခြေရာတွေဖျောက်

ကမ္ဘာတစ်ဘက်ကို မင်း ရောက်မှ

လက်ပြနှုတ်ဆက် ကျန်ခဲ့ရသူရဲ့

နာကြင်မှု့ အပြုံးတစ်ဝက်ကို

ပိုင်ဆိုင်သူ မဖြစ်ပါရစေနဲ့ ချစ်သူ ရယ် ...

မင်း မရှိတဲ့ ငါ့ ဘဝဟာ

လမိုက်ညရဲ့ သန်းခေါင်ယံထဲ

ရိုးသားခြင်းမြို့ရိုးတစ်ခုနဲ့

ဖုန်းကွယ်ထားတဲ့

အပြာရောင် (ပြအိုး)လေးပါပဲ .. ချစ်သူ ရယ် ...

မင်း .. ခြွေယူသွားတဲ့

ကျရှုံးမှု့နေရာတစ်ခုပဲမဟုတ်လား ... ?

ငါ .. ခံစားနားလည်ထားတဲ့

ခေတ်အဆက်ဆက်က

ဒဏ္ဍာရီသူရဲကောင်းတွေဟာ

အရိပ်မဲ့ လက်နက်တစ်ခုမှာ

ဒူးထောက်ရှုံးနိမ့်တယ်ဆိုတာ တကယ်ပါလားနော် ...

ချယ်လှယ်ဖန်ဆင်းပါ ချစ်သူ ရယ် ...

ဧဒင်ဥယျာဉ်ကြီးရဲ့

တစ်ဒေါင့် တစ်နေရာက

ဒို့အတွက် ကွက်လပ်လေးထဲမှာပေါ့

ပျိုးချစိုက်ထူဖို့

ငါ့ရင်ခုန်သံ ချစ်ခြင်းတွေကို

မင်း ... မင်းမူနေရာယူလိုက်ပါ .....