Saturday, 15 February 2014
ချစ်သူရေ
ရပ်ကြည့်လိုက်ပါကွဲ့
မင်းရဲ့ အနောက်ဖက်ဆီ
ပုလဲလုံးလေးတွေသီ
ကာရံညီတဲ့ အဇြူရောင်မေတ္တာများ
မင်း အနား.. ခစား ခဲ့ကြပြီးပြီ
မျှော်ကြည့်လိုက်ပါကွဲ့
မင်း ရဲ့ အနာဂတ်ဆီ
ပုဇွန်ဆီသွေး နီထွေးတဲ့မိုးကောင်းကင်
အာရုဏ်အလင်းတွေနဲ့
မင်းရဲ့ မနက်ဖြန်များ
ဒီမွေးနေ့ က စ
နှစ်ပေါင်း ဆယ် ရာ… ပိုင်ပါစေကြောင်း
ဆုမွန်တောင်းချွေ
ချစ်တဲ့မင်း
ပျော်ပါစေ
Subscribe to:
Comments (Atom)





