Thursday, 27 June 2013

မျော်လင့်ချတ်ည


ညတစ်ညရဲ့အလှကို ပုံဖော်ဖို့ဆိုတာ
ငါတစ်ယောက်တည်းတော့ မပြည့်စုံနိုင်ဘူးချစ်သူ
စည်းတစ်ခုခြားမယ်မှန်းသိရင် အစကတည်းကမထုံးဖွဲ့ခဲ့ပါဘူး
အတ္တကိုအရင်းခံတဲ့အချစ်က ဘ၀ကိုလှပအောင် မတည်ဆောက်နုင်ဘူးဆိုတာ
မင်းသိသင့်ပါတယ်.....................။
တစ်နေ့နီးမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ ရူးခဲ့ရတဲ့ငါ့ရဲ့စိတ္တဇအခန်းထဲကိုလည်း
မင်းခဏလောက်ဝင်ကြည့်သင့်တယ် ဖြစ်ချင်တာနဲ့ဖြစ်နေတာတွေ
တစ်ထပ်တည်းမကျသေးတဲ့ဘ၀မှာ မျှော်လင့်ချက်တွေကိုကြိုးသီပြီ
မင်းလည်တိုင်မှာဆွဲထားပေးချင်တယ် မင်းအမြဲတမ်းအမှတ်ရနေအောင်ပေါ့....

Thursday, 6 June 2013

သူရေးခိုင်းတဲ့သူငယ်ချင်း

ဘ၀ရဲ့တခဏ
ကြုံဆုံခဲ့ကြရတာမို့
တယောက်ကိုတယောက်
အမြင်တွေဖလှယ်ကြ
ငါတို့ စသိခဲ့ကြတယ်...။

ဒီလိုနဲ့ တီတီတာတာတွေပြောကြ
ခံစားချက်တွေ ဝေမျှရင်း
ရင်ခုန်သံတွေ ထပ်တူကြလို့
ခင်မင်ခွင့်တွေ နီးစပ်ခဲ့ကြတယ်...


မိုးကိုထိုးဖောက်လို့
လောကကြီးကိုငုံ့ကြည့်မယ့်
နင့်စိတ်ဓတ်ငါယုံတယ်...

ဒါပေမယ့်
လှေခါးဆိုတာ
တက်ဖို့တစ်ခုထဲမဟုတ်သလို
စီးဝင်နေတဲ့ရေတိုင်းဟာလည်း
သန့်စင်နေတာမဟုတ်ဘူးနော်
လူလူခြင်းချနင်းနေတဲ့ခေတ်မှာ
နင်သတိရှိပါစေ.....

ဒီနေ့..
နင့်အတွက်ဘာအစွန်းအထင်းမှမရှိသေးတဲ့
နှစ်သစ်စာမျက်နှာကို
နင်စရေးခွင့်ရပီသိလား
ပျော်ရွှင်ခြင်းတွေ
ကြည်နှုးခြင်းတွေ
အောင်မြင်မှု့တွေနဲ့
ကံကောင်းချင်းတွေ
ပိုင်ဆိုင်နိုင်ပါစေလို့
ဆုတောင်းပေးပါတယ် .....
  
"Happy Birthday"

Wednesday, 5 June 2013

ချစ်သူမသိလိုက်တဲ့ကဗျာတစ်ပုဒ်

တမြေ့မြေ့ခံစားနေရတဲ့
နှလုံးသားထဲက
တမ်းတခြင်းတချို့ကိုစာစီပြီ
သူမရဲ့ ရှေ့တော် မှောက်မှာ
သတိရခြင်းတွေ အန်ထုတ်ပြချင်တယ်..
ကောင်မလေးရေ..
ငါနင့်လွမ်းတယ် ဆိုပြီးပေါ့..

အိမ်မက်တွေနဲ့ရူးနေတတ်တဲ့
ဒီအတွေးတွေထဲက
့စိတ်ကူးတချို့ကို အသက်သွင်းပြီး
သူမရဲ့ မျက်ဝန်းနက်နက်တွေအောက်မှာ
အနာဂတ်တွေကို ထုဆစ်ပြချင်တယ်..
ကောင်မလေးရေ..
ငါတို့ ဒီတသက်မခွဲဘူးဆိုပြီးပေါ့...

အကြိမ်ကြိမ် မျိုသိပ်လိုက်ရတဲ့
ဒီခံစားချက်တွေထဲက
ဆန္ဒတချို့ကို ပုံဖော်ပြီး
သူမရဲ့ လက်ဖမိုးထက်မှာ
ှအားပေးစကားတွေနဲ့ နှစ်သိမ့်ချင်တယ်..
ကောင်မလေးရေ..
နင့်အနားမှာ ငါအမြဲရှိတယ်ဆိုပြီးပေါ့...

ချစ်သူ..
ငါ့ခံစားချက်တွေ
ငါ့နှလုံးသားတွေက
နင့်အနားမှာ အမြဲတူရှိနေသလောက်
ငါတို့နှစ်ယောက်က မျဉ်းပြိုင်နှစ်ကြောင်းလိုပ
ဆုံနိုင်ခွင့်တွေ နည်းလာလွန်းလို့ ...

ကံကြမ္မာရေ..
အချစ်တွေသာစစ်ရင်
တနေ့.
ကျနော်တို့ကို နီးစပ်ခွင့်ပေးပါ...။



c
Creadit; လွမ်းဝေ

Monday, 3 June 2013

အရံလူ

လက်တွေ့ဘ၀ကို အိပ်မက်ဖြစ်စေတဲ့
မင်းနှလုံးသားရဲ့ တန်ခိုးအောက်မှာ
့င့ါအချစ်ရဲ့တန်ဖိုးဆိုတာ
နောင်လာနောက်သားတွေအတွက်
ဥပမာအလင်္ကာတစ်ခုလိုပေါ့ . .

နွေကို အရည်ကျိုသောက်မယ့် ရင်တစ်ခြမ်း
ခုတော့ နေပြန်လှမ်းနေရတဲ့ မျှော်လင့်ချက်. . .
အကြင်နာမိုးစက် ခပ်အက်အက် . . .
နင်လွမ်းမယ့် ကမ္ဘာမှာ ငါဆိုတာအဝေး . .

ပျော်ရွှင်မယ်ဆိုရင်ပေါ့ . . .
အသဲတစ်ခြမ်းကိုတောင်
လွမ်းဖို့ မသိမ်းထားတော့ဘူး . .
အပြုံးတစ်ချက်တော့ ခြွေခဲ့ပေါ့ . . .
အသက်မပါတော့မယ့် တစ်သက်စာအတွက်လေ. . .

ဦးနှောက်ရဲ့ အချက်ပြသံကို
နှလုံးသားက မျက်ကွယ်ပြု . . .
နင့် နာရီတိုင်းကို အဖြူရောင်ခြယ်ခဲ့ပေမယ့်
ငါရင်မိုးအုံ့တဲ့အခါတိုင်း
နင်တခြားတစ်နေရာမှာ
ထီးတစ်လက်အရံသင့်နင်ဘေးမှာရှိခဲ့တယ်လေ. .

နင့်အတွက် . . အဖြည့်ခံတဲ့လား . . .
နားခါးပေမယ့် မက်မပြေဘူး . .
နင့်အတွက် ချုပ်ချယ်ခြင်းတဲ့လား . . .
ငါမကြားဖူးတဲ့ လေယူလေတိမ်းလေးပါလေ. . .
နင့်အတွက် . . ဘာလိုလဲ . .
ရိုးရိုးလေးပဲ ငါနင့်ကိုချစ်တယ်ကွာ . . . . .။

creadit; Romeo Soe